back

မန်ချက်စတာဒါဘီတွင် အခုထက် ဂိုးပိုပြတ်သင့်ကြောင်းနှင့် ခြေစွမ်းကို ရာသီကုန်အထိ ထိန်းထားရန် ကာရစ် တိုက်တွန်း

Jan 18 • 6:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ချက်စတာဒါဘီတွင် အခုထက် ဂိုးပိုပြတ်သင့်ကြောင်းနှင့် ခြေစွမ်းကို ရာသီကုန်အထိ ထိန်းထားရန် ကာရစ် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုက်ကယ်ကာရစ်က မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဒါဘီပွဲစဉ်တွင် မိမိတို့အသင်းမှာ ပွဲတစ်လျှောက်လုံး ပြိုင်ဘက်ကို အန္တရာ...

မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုက်ကယ်ကာရစ်က မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဒါဘီပွဲစဉ်တွင် မိမိတို့အသင်းမှာ ပွဲတစ်လျှောက်လုံး ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်ခဲ့သဖြင့် ယခုထက် ဂိုးပိုမိုရရှိသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် အသင်းကို ကိုင်တွယ်ခဲ့သည့် ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ စွမ်းဆောင်ရည်ကောင်းမျိုးကို တစ်ရာသီလုံး ဆက်လက်ထိန်းထားနိုင်ရန် ကစားသမားများကို တောင်းဆိုခဲ့သည်။ ပွဲအစပိုင်းတွင် နောက်ခံလူ ဒါလော့ အနီကတ်အန္တရာယ်မှ ကံကောင်းစွာ လွတ်မြောက်ခဲ့သည့် ယူနိုက်တက်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် အဝေးကွင်း၌ အရေးကြီးသည့် ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27