back

ပြည်တွင်း၌ ‎ပို့ကုန်လုပ်ငန်းစတင် လုပ်ကိုင်နည်းရက်တိုသင်တန်းကိုဖွင့်လှစ်မည် ‎ ‎

Jan 18 • 6:45 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ‎ပို့ကုန်လုပ်ငန်းစတင် လုပ်ကိုင်နည်းရက်တိုသင်တန်းကိုဖွင့်လှစ်မည် ‎ ‎

ကုန်လုပ်ငန်း စတင် လုပ်ကိုင်နည်း ရက်တိုသင်တန်း အမှတ်စဉ် (၁၈) သင်တန်းကို ရန်ကုန်မြို့၌ ယခုလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝ...

ကုန်လုပ်ငန်း စတင် လုပ်ကိုင်နည်း ရက်တိုသင်တန်း အမှတ်စဉ် (၁၈) သင်တန်းကို ရန်ကုန်မြို့၌ ယခုလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။‎‎စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) မှ ပို့ကုန်လုပ်ငန်း စတင် လုပ်ကိုင်နည်း ရက်တိုသင်တန်းကို ဇန်နဝါရီလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

‎‎အဆိုပါသင်တန်းသည် ပို့ကုန်ဆိုင်ရာ ရက်တိုသင်တန်းများ ( အမှတ်စဉ် - ၁၈ ) အနေဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းသားဦးရေ (၅၀) ဦးကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့် လျှောက်လွှာနှင့်အတူဓာတ်ပုံ (၁) လက်မပတ်လည် (၃) ပုံ၊ ‎ဘွဲ့လက်မှတ်မိတ္ထူ (သို့) အခြေခံပညာ အထက်တန်းအောင်လက်မှတ် မိတ္ထူနှင့်

‎နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္ထူ စသည့် စာရွက်စာတမ်းများကို ယူဆောင်၍ သင်တန်းကျောင်း (စတုတ္ထထပ်) သို့ လူကိုယ်တိုင် သွားရောက် စာရင်းပေးသွင်းရမည် ဖြစ်သည်။ ‎သင်တန်းသည် လာမည့် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၂၃) ရက်နေ့အထိ (၅) ရက် ကြာမြင့်မည် ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

38