back

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ မလေးရှားတို့နှင့်တွေ့ဆုံ နေ

Jan 18 • 6:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ မလေးရှားတို့နှင့်တွေ့ဆုံ နေ

၂၀၂၆ အာဆီယံချန်ပီယံရှစ် AFF Hyundai Cup အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းက ထိုင်း၊ မလေးရှားအသင်းတွေနဲ့အတူ အုပ်စု(B)မှာ ကျရောက်န...

၂၀၂၆ အာဆီယံချန်ပီယံရှစ် AFF Hyundai Cup အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းက ထိုင်း၊ မလေးရှားအသင်းတွေနဲ့အတူ အုပ်စု(B)မှာ ကျရောက်နေပါတယ်။ဒီပြိုင်ပွဲကို လာမဲ့ ဇူလိုင်လကနေ ဩဂုတ်လအထိ ကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာအသင်းက ဇူလိုင်၂ရက်မှာ မလေးရှားအသင်းနဲ့ အိမ်ကွင်း၊ ဇူလိုင်၂၈ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့အဝေးကွင်း၊ ဩဂုတ်လ၄ရက်မှာ လာအိုအသင်းနဲ့ အိမ်ကွင်း၊ ဩဂုတ်၈ရက်မှာ ထိုင်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာပါ။မြန်မာအသင်းအနေနဲ့ အုပ်စုတက်ခွင့်ရဖို့အတွက် ထိုင်း၊ မလေးရှားတို့လို အာဆီယံအသင်းကြီးတွေနဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့လိုတယ်လို့ မြန်မာဘောလုံးပရိသတ်တစ်ချို့က သုံးသပ်ထားကြပါတယ်။



news-view-count-icon

38