back

မြောက်အတ္တလန်တစ် ခြိမ်းခြောက်မှုကို တန်ပြန်ရေး မောင်းသူမဲ့ ရဟတ်ယာဉ် ဗြိတိန် ပွဲထုတ်

Jan 18 • 6:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြောက်အတ္တလန်တစ် ခြိမ်းခြောက်မှုကို တန်ပြန်ရေး မောင်းသူမဲ့ ရဟတ်ယာဉ် ဗြိတိန် ပွဲထုတ်

ဆိုက်ပြည့်ကိုက်ပြည့် ပထမဆုံး မောင်းသူမဲ့ ရဟတ်ယာဉ်ကို ဗြိတိန် တော်ဝင်ရေတပ်က သောကြာနေ့တွင် ပွဲထုတ်ခဲ့ပြီး မြောက်အတ္တလန်တစ် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ရေငုပ...

ဆိုက်ပြည့်ကိုက်ပြည့် ပထမဆုံး မောင်းသူမဲ့ ရဟတ်ယာဉ်ကို ဗြိတိန် တော်ဝင်ရေတပ်က သောကြာနေ့တွင် ပွဲထုတ်ခဲ့ပြီး မြောက်အတ္တလန်တစ် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ရေငုပ်သင်္ဘောများကို ခြေရာခံနိုင်ပြီး စွန့်စားမှု ကြီးမားသော မစ်ရှင်များ လုပ်နိုင်ရန် ပုံဖော်ထားသော ရဟတ်ယာဉ် စမ်းသပ် ပျံသန်းမှုလည်း ပြီးစီးသွားပြီဟု ပြောသည်။Proteus ဟု နာမည်ပေးထားသော မောင်းသူမဲ့ ရဟတ်ယာဉ်သည် စမ်းသပ်ခရီးစဉ်တိုကို အောင်မြင်ခဲ့ကြောင်း ဗြိတိန်ရေတပ်က ပြောသည်။ပေါင်သန်း ၆၀ အောက်သာ ကုန်ကျသည့် အစီအစဉ်တစ်ရပ်ဖြင့် ထုတ်လုပ်ထားသော ၎င်းရဟတ်ယာဉ်သည် မြောက်အတ္တလန်တစ်မှ ပေါ်ထွက်လာနေသော ခြိမ်းခြောက်မှုများမှ ဗြိတိန်နှင့် နေတိုးမဟာမိတ်များအား ကာကွယ်ရန် အလွန် အရေးပါလိမ့်မည်ဟုလည်း ဆိုသည်။လေကြောင်းနှင့် အာကာသလုပ်ငန်း Leonardo အုပ်စုက ဒီဇိုင်းဆွဲ တည်ဆောက်ထားသော Proteus သည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်ပြီး ဆုံးဖြတ်ချက်များ ချနိုင်သော ဆော့ဖ်ဝဲများ အားဖြည့်ထားသည့် ဆင်ဆာများ၊ ကွန်ပျူတာစနစ်များ အပေါ် အားထားကြောင်း ရေတပ်က ပြောသည်။ရေငုပ်သင်္ဘော တိုက်ဖျက်မှု စစ်ဆင်ရေး၊ ပင်လယ်ပြင် ကင်းလှည့်ရေးနှင့် ရေအောက်မှ ရေယာဉ်များအား ခြေရာခံနိုင်ရန် ရဟတ်ယာဉ်အား ဒီဇိုင်းထုတ်ထားသည်ဟု ရေတပ်က ပြောသည်။သေးငယ်သော ထောက်လှမ်း‌ရေး ရဟတ်ယာဉ်တစ်စီး အပါအဝင် ဒရုန်းအများအပြားကို ဗြိတိန်ရေတပ်က အသုံးပြုနေပြီ ဖြစ်သော်လည်း Proteus က ပို၍ကြီးမားကာ နည်းပညာစွမ်းရည် ပိုမိုမြင့်မားသည်။



news-view-count-icon

33