ဆန် မျိုးစုံရောင်းဝယ်မှုစျေးကွက်အတွင်းမှာ အခုတပတ်ဆန်ကွဲ စျေးကျပြီး ၊ ဖွဲနုစျေးတွေမြင့်တက်နေတယ်လို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာ ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူတွေရဲ့ ဝယ်လိုအားအနည်းအများအပေါ်မှာ မူတည်ပြီး ဆန်နဲ့ ဆန်ကွဲ၊ ဖွဲနုဈေးတွေ အတက်အကျ ဖြစ်ပေါ်နေပါတယ်လို" ပဲခူးကုန်စည်ဒိုင်ကဆိုပါတယ်။ လက်ရှိ တစ်ပတ်တာ အတွင်း ဧည့်မထဆန်(ဟောင်း)(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)/(သစ်)နဲ့ ဆန်ကွဲB(2,3,4) ဈေးတည်ငြိမ် ဆနပြီး ၊ ဖွဲနု ဈေးမြင့်တက်ကာ ဆန်ကွဲB(1,2)ဈေးကျဆင်းနေတယ်လို့သိရပါတယ်။
ပဲခူးကုန်စည်ဒိုင်အနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀,၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၅,၅၀၀ကျပ် တွေ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီ ၁၆ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁,၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၅,၅၆၀ကျပ် တွေနဲ့ အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့သိရပါတယ်။အခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(သစ်)နဲ့ ဆန်ကွဲB(2,3,4)ဈေးတွေ တည်ငြိမ်ပြီး၊ ဖွဲနုတစ်အိတ် ၆၀ကျပ် ဈေးတက်ကာ ဆန်ကွဲB (1,2)တစ်အိတ် ၂,၀၀ဝ ကျပ် ဈေးကျနေတဲ့ အနေ အထားဖြစ်ပါတယ်။



