back

နေ့စဉ် ကော်ဖီတစ်ခွက် သောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာတွင် ဆီးချိုဆေးထက်ပင် ပိုမိုထိရောက်နိုင်ကြောင်း သုတေသနပြုချက်များအရ သိရ

Jan 18 • 3:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

နေ့စဉ် ကော်ဖီတစ်ခွက် သောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာတွင် ဆီးချိုဆေးထက်ပင် ပိုမိုထိရောက်နိုင်ကြောင်း သုတေသနပြုချက်များအရ သိရ

အမေရိကန် သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ နေ့စဉ် ကော်ဖီတစ်ခွက် သောက်သုံးမှုသည် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးသည့် Acarbase အမည်ရှိ ဆီးချိုဆေးထက် ပိုမိုထိရောက...

အမေရိကန် သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ နေ့စဉ် ကော်ဖီတစ်ခွက် သောက်သုံးမှုသည် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးသည့် Acarbase အမည်ရှိ ဆီးချိုဆေးထက် ပိုမိုထိရောက်မှု ရှိနိုင်ပြီး၊ ကော်ဖီတွင် ပါဝင်သော ဓာတုဒြပ်ပေါင်း ၃ မျိုးသည် အစာခြေလမ်းကြောင်းရှိ Alpha-glucosidase အင်ဇိုင်းကို ထိရောက်စွာ ပိတ်ပင်နိုင်ကြောင်း သိရသည်။ အာရေးဗီးကား (Arabica) ကော်ဖီနှင့် ဆီးချိုဆေးတို့၏ ဓာတုဒြပ်ပေါင်းများကို နှိုင်းယှဉ်လေ့လာရာတွင် ကော်ဖီသည် ဆေးဝါးများနည်းတူ အင်ဇိုင်းများကို ဟန့်တားနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် နေ့စဉ် ကော်ဖီသောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ် မြင့်မားနေသူများနှင့် ဆေးဝါးကုသမှု ခံယူနေရသည့် ဆီးချိုဝေဒနာရှင်များအတွက် သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းချုပ်ရာတွင် များစွာအကျိုးရှိစေနိုင်ကြောင်း ပညာရှင်များက ဆိုထားပါသည်။

news-view-count-icon

17