back

မန်ချက်စတာဒါဘီရှုံးပွဲတွင် ပိုကောင်းသည့်အသင်းကသာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာ ဝန်ခံပြောကြား

Jan 18 • 3:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ချက်စတာဒါဘီရှုံးပွဲတွင် ပိုကောင်းသည့်အသင်းကသာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာ ဝန်ခံပြောကြား

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မန်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဒါဘီပွဲစဉ်အပြီးတွင် ပြိုင်ဘက်အသင်းသည် မိမိတို့ထက် ပိုမိုကောင်းမွန်...

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မန်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဒါဘီပွဲစဉ်အပြီးတွင် ပြိုင်ဘက်အသင်းသည် မိမိတို့ထက် ပိုမိုကောင်းမွန်ပြီး စွမ်းအင်အပြည့်ဖြင့် ကစားနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ထိုက်တန်သည့်အသင်းကသာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချီးကျူးခဲ့သည်။ မန်စီးတီးအသင်းသည် ၁၇ ရက်အတွင်း ၆ ပွဲအထိ ကစားခဲ့ရသည့် ပွဲကျပ်ကာလကြောင့် ကစားသမားများ စွမ်းအင်ကျဆင်းနေပြီး ယခုနှစ်သစ်အတွင်း ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးကာ ၉ မှတ်အထိ ဆုံးရှုံးခဲ့ရသည်။ ဂွါဒီယိုလာက ပွဲအစပိုင်းတွင် မန်ယူနောက်ခံလူ ဒါလော့ အနီကတ်ပြခံရသင့်သည်ဟု ယူဆသော်လည်း ယင်းအချက်မှာ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်မဟုတ်ဘဲ ပိုကောင်းသည့်အသင်း၏ အနိုင်ရလဒ်ကို လက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

news-view-count-icon

16