back

ကလောရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသစ်၌ ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းသည့် ကလေးငယ်များကို အဓိကပြုစုစောင့်ရှောက်မည်

Jan 18 • 2:49 AM

breaking-news

မြန်မာ

ရှမ်း

cover

ကလောရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသစ်၌ ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းသည့် ကလေးငယ်များကို အဓိကပြုစုစောင့်ရှောက်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြင်းကကျေးရွာတွင် ဇန်နဝါရီ ၁၇ ရက်က အသစ်ဖွင့်လှစ်လိုက်သည့် "ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ" သည် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြင်းကကျေးရွာတွင် ဇန်နဝါရီ ၁၇ ရက်က အသစ်ဖွင့်လှစ်လိုက်သည့် "ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ" သည် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းသည့် (Special Needs) ကလေးငယ်များကို အဓိကထား၍ စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဂေဟာသစ်ဖွင့်ပွဲသို့ သရုပ်ဆောင် ခိုင်နှင်းဝေနှင့်အတူ ၎င်း၏အဒေါ်ဖြစ်သူ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်နှင့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး၊ ယခုဂေဟာသည် ထူးခြားသော လိုအပ်ချက်ရှိသည့် ကလေးငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သောကြောင့် ပိုမိုအဓိပ္ပာယ်ပြည့်ဝသည့် ပရဟိတလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါသည်။

news-view-count-icon

33