back

ထိုင်းနိုင်ငံ ချွန်ဘူရီတွင် မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်အား ရှောင်တခင်စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်သူ ၂၀၀ ကျော်ကို အရေးယူ

Jan 18 • 2:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ချွန်ဘူရီတွင် မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်အား ရှောင်တခင်စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်သူ ၂၀၀ ကျော်ကို အရေးယူ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်းရှိ ဂျွန်တီယန်နှင့် သက်ပရာဆစ်ဒေသရှိ ဆောက်လုပ်ရေးလုပ်သား အခြေစိုက်စခန်းနှစ်ခုကို ဇန်နဝါရီ ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးဌာနနှင့်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်းရှိ ဂျွန်တီယန်နှင့် သက်ပရာဆစ်ဒေသရှိ ဆောက်လုပ်ရေးလုပ်သား အခြေစိုက်စခန်းနှစ်ခုကို ဇန်နဝါရီ ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်အနက် နေထိုင်ရာလိပ်စာအကြောင်းကြားရန် ပျက်ကွက်သူ (ပုဒ်မ ၃၈) အယောက် ၂၀၀ ကျော်၊ ရက် ၉၀ အစီရင်ခံရန် ပျက်ကွက်သူ ၆ ဦးနှင့် အလုပ်ရှင်အမည် မတူညီဘဲ အလုပ်လုပ်ကိုင်သူ ၇ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆေးမှုတွင် နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသူနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ မတွေ့ရှိရသော်လည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ချိုးဖောက်သူများအား ဥပဒေအရ စွဲချက်တင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

23