back

ထိုင်းအိမ်ခြံမြေဈေးကွက် ၇ နှစ်အတွင်း အနိမ့်ဆုံးအထိ ကျဆင်း၊ အဆင့်မြင့်အိမ်ရာတွေ ရောင်းမထွက်ဘဲ ပုံနေ

Jan 18 • 2:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအိမ်ခြံမြေဈေးကွက် ၇ နှစ်အတွင်း အနိမ့်ဆုံးအထိ ကျဆင်း၊ အဆင့်မြင့်အိမ်ရာတွေ ရောင်းမထွက်ဘဲ ပုံနေ

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ၁၀ နှစ်တာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်အတွင်း အိမ်ရာပိုင်ဆိုင်မှုလွှဲပြောင်းမှု...

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ၁၀ နှစ်တာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်အတွင်း အိမ်ရာပိုင်ဆိုင်မှုလွှဲပြောင်းမှုနှုန်းမှာ အလုံးရေ ၃၀၀,၀၀၀ ခန့်သာရှိတော့သဖြင့် ၇ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း သိရသည်။ ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် စီမံကိန်းသစ်များ ၃၃ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားကာ၊ အထူးသဖြင့် ဘတ် ၂၅ သန်းမှ သန်း ၅၀ ကြားရှိသည့် "ဇိမ်ခံအိမ်ရာ" များမှာ ဝယ်သူမရှိဘဲ အလုံးရေ ၃,၀၀၀ ခန့် ပုံနေသဖြင့် ယင်းလက်ကျန်များကုန်ရန် ၅ နှစ်မှ ၆ နှစ်ခန့်အထိ အချိန်ယူရနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

news-view-count-icon

14