ခိုင်နှင်းဝေဖောင်ဒေးရှင်းမှ တည်ထောင်သည့် "ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ (ခွဲ)" အသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မြင်းကကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါဖွင့်ပွဲသို့ သရုပ်ဆောင် ခိုင်နှင်းဝေနှင့်အတူ အနုပညာရှင်မောင်နှမများဖြစ်ကြသည့် ခန့်စည်သူ၊ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ ရှိန်းတင်ထူး၊ ရတနာဗိုလ်၊ မယ်မင်းဘုံ၊ ဆုအိမ်စံနှင့် မှူးထိပ်ထား အစရှိသည့် နာမည်ကြီးအနုပညာရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကာ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
| 27 | 0 | 0 | 0 |


