ဇန်နဝါရီလ တတိယပတ်အတွင်း မြန်မာနိုင်ငံနေရာအချို့၌ မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့ပြီး အဓိကငလျင်ကြီးများ၏ နောက်ဆက်တွဲ ငလျင်ငယ် (Aftershocks) စုစုပေါင်း ၂၆၄ ကြိမ်အထိ ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပတ်အတွင်း မန္တလေးတိုင်း၌ ၂ ကြိမ်၊ ပဲခူးတိုင်း၌ ၁ ကြိမ်နှင့် စစ်ကိုင်းတိုင်း၌ ၁ ကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလှုပ်ခတ်မှုများတွင် ဇန်နဝါရီ ၁၅ ရက်က ဝမ်းတွင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်မှာ အပြင်းထန်ဆုံးဖြစ်ပြီး မန္တလေး၊ နေပြည်တော်နှင့် ပြင်ဦးလွင်အပါအဝင် မြို့အတော်များများတွင် သိသာစွာ ခံစားခဲ့ရကာ၊ ဇန်နဝါရီ ၁၇ ရက်ကလည်း မန္တလေးမြို့၌ အင်အား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
Jan 18 • 2:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


