မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် ဇန်နဝါရီ ၁၃ ရက်မှစတင်၍ အသက် ၃၅ နှစ်အောက် လူငယ်များအား အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) မှ အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားမှုကို ရပ်ဆိုင်းထားကြောင်း ဝန်ဆောင်မှုပေးသူများနှင့် သွားရောက်လျှောက်ထားသူများထံမှ သိရသည်။ ယခင်က စာအုပ်သက်တမ်း တစ်နှစ်အောက်သာ ကျန်ရှိသူများကို PV သို့ ပြောင်းလဲခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် တရားဝင်ထုတ်ပြန်ချက်မရှိဘဲ ရုံးတွင်းညွှန်ကြားချက်ဖြင့် လူငယ်များ ပြည်ပထွက်ခွာမှုကို တားဆီးရန် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် အသက် ၃၅ နှစ်အထက်ရှိသူများကိုမူ ဆက်လက်ခွင့်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပိတ်ပင်လိုက်ခြင်းကြောင့် လျှောက်ထားသူများမှာ ငွေကြေးနှင့် အချိန်များ နစ်နာမှုရှိနေပြီး ပြည်ပထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်များကြားတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိပါသည်။
Jan 18 • 2:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


