back

မလေးရှားမှာ တစ်ရက်တည်း တရားမဝင် မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးခံရ

Jan 18 • 1:59 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားမှာ တစ်ရက်တည်း တရားမဝင် မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ နဲ့ ဆလန်ဂေါပြည်နယ်မှာ တစ်ရက်တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။ ဇန်န...

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ နဲ့ ဆလန်ဂေါပြည်နယ်မှာ တစ်ရက်တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့၊ မနက်ပိုင်းက ကွာလာလမ်ပူမြို့နဲ့ ဆလန်ဂေါပြည်နယ်၊ အမ်ပန်း ဂလက်စီမော ကုန်တိုက်မှာ လူဝင်မူကြီးကြပ်ဌာနနဲ့ အဖွဲ့ပေါင်းစုံက စစ်ဆေးစဥ် အထောက်အထားအပြည့်အစုံ မပြနိုင်လို့ ဖမ်းဆီးခံရတာပါ။အမ်ပန်ဂျာယာမှာ ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူက "ဒီနေ့ဖမ်းဆီးခံရသူ ၂၁၇ ဦးမှာ အမျိုးသား ၅၅ ဦးနဲ့အမျိုးသမီး ၁၆၂ ဦးပါဝင်တယ်။ အဖမ်းခံရသူတွေဟာ အသက် ၂၁ နှစ်မှ ၆၃ နှစ်ကြားရှိတယ်။"လို့ ပြောကြားခဲ့ပါတယ်။ဖမ်းဆီးထားတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေအားလုံးကိုလူဝင်မှုကြီးကြပ်ရေးဌာနက ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

news-view-count-icon

8