back

ရှမ်းပြည်နယ်၊မိုင်းပန်မြို့တွင် အင်အား ၃.၇အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

Jan 18 • 1:58 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊မိုင်းပန်မြို့တွင် အင်အား ၃.၇အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပန်မြို့တွင် မြန်မာစံတော်ချိန် ယနေ့ (၀၀)နာရီ၊ (၅၁)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် မိုင်(၇...

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပန်မြို့တွင် မြန်မာစံတော်ချိန် ယနေ့ (၀၀)နာရီ၊ (၅၁)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် မိုင်(၇၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပန်မြို့၏ အနောက်တောင်ဘက် (၂၇) မိုင်ခန့်အကွာ)၌ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါသည်။မြောက်လတ္တီတွဒ် (၁၉.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၂၀) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့တာဖြစ်ပါသည်။

news-view-count-icon

46