ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ကျင်းပသည့် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ COE Hall တွင် ကျင်းပခဲ့သည်။ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မေစန်းရီက ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။ယင်းနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက “အစဉ်လာ ဝင့်ထည် YUFL” သီချင်းဖြင့် လည်းကောင်း၊ “မင်္ဂလာပါ” သီချင်းဖြင့် လည်းကောင်း၊ “ဂျပန်ရိုးရာ” အကဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်g(၆၂)နှစ်မြောက် အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
Jan 18 • 1:53 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


