back

စင်ကာပူ Punggol က မောင်းသူမဲ့ယာဉ် စမ်းသပ်မှုစတင်ပြီး တစ်ပတ်မပြည့်မီမှာပဲ မတော်တဆမှုဖြစ်

Jan 18 • 1:54 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Punggol က မောင်းသူမဲ့ယာဉ် စမ်းသပ်မှုစတင်ပြီး တစ်ပတ်မပြည့်မီမှာပဲ မတော်တဆမှုဖြစ်

စင်ကာပူတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် (စနေနေ့)၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်အချိန်မှာ စင်ကာပူနိုင်ငံ Punggol နယ်မြေအတွင်း ပုံမှန်လမ်းကြောင်းမြေပုံဖော်ဆောင်ခ...

စင်ကာပူတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် (စနေနေ့)၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်အချိန်မှာ စင်ကာပူနိုင်ငံ Punggol နယ်မြေအတွင်း ပုံမှန်လမ်းကြောင်းမြေပုံဖော်ဆောင်ခြင်းနဲ့ စမ်းသပ်မောင်းနှင်နေတဲ့ ComfortDelGro ရဲ့  မောင်းသူမဲ့ အများပြည်သူသုံး ယာဉ် (Autonomous Vehicle - AV) တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါယာဉ်ဟာ Edgedale Plains လမ်းတစ်လျှောက် မောင်းနှင်နေစဉ် လမ်းပေါ်မှာရှိနေတဲ့ အရာဝတ္ထုအသေးလေးတစ်ခုကို အာရုံခံမိပြီး တုံ့ပြန်မှုပြုလုပ်ခဲ့ရာမှာ ယာဉ်ပေါ်ပါလာတဲ့ ဘေးကင်းလုံခြုံရေးအရာရှိ (Safety Operator) က စက်ပိုင်းဆိုင်ရာထိန်းချုပ်မှုကနေ လူကိုယ်တိုင်မောင်းနှင်တဲ့ Manual Control စနစ်ကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲထိန်းချုပ်တဲ့ လုပ်ငန်းစဉ်အတွင်းမှာပဲ ယာဉ်ဟာ လမ်းလယ်ကျွန်းအတားအဆီးကို တိုက်မိသွားခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် လက်ရှိပြေးဆွဲနေတဲ့ မောင်းသူမဲ့ယာဉ် လုပ်ငန်းစဉ်အားလုံးကို စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးတဲ့အထိ ခေတ္တရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားပါတယ်။


news-view-count-icon

6