လတ်တလောတွင် အကဲဖြတ်စစ်ဆေးကြည့်ရှုမှုများကို ဒုတိယအကြိမ်လုပ်ဆောင်နေပြီး စစ်ဆေးကြည့်ရှုမှုပြီးခါနီးသော အခြေအနေမျိုးရောက်နေကြောင်း၊ ဆက်လက်၍ တတိယအဆင့် စစ်ဆေးကြည့်ရှုပြီး အကဲဖြတ်လုပ်ဆောင်ရန်ရှိနေကြောင်း၊ ဆုပေးရာတွင် ပုံမှန်ပေးနေသော ဆုများအပါအဝင် ဆုပေါင်း ၁၁ ဆုပေးအပ်ရန်လျာထားပြီး အထူးဆု ပါဝင်ပါက ဆုပေါင်း ၁၂ ဆု ဖြစ်လာမည်ဟုလည်း သိရသည်။ထိုဆုပေးပွဲအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားကြီး ၇၂ ကားမှ ရုပ်ရှင်ဇာတ်ကား ၂၂ ကားကို ဒုတိယအဆင့်ကြည့်ရှု့စစ်ဆေးနေကြောင်း၊ လွန်ခဲ့သော ၂၀၂၄ ခုနှစ်ဆုပေးပွဲမတိုင်ခင်က ဆန်ကာတင်အဆင့် Nomination စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၈ ကားကိုထုတ်ပြန်ခဲ့ဖူးပြီး ယခုနှစ်တွင်မူ ဆန်ကာတင်ဇာတ်ကားများကို ထုတ်ပြန်ကြေညာခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းလည်း သိရသည်။ထိုဆုပေးပွဲကို လာမည့်ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်ရှိ MICC-1 ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဆုပေါင်း ၁၀ ဆုအထက် ပေးအပ်ရန် လျာထားကြခြင်းလည်းဖြစ်သည်။



