လာမည့်အပတ် ဇန်နဝါရီလ ၂၃ရက် သောကြာနေ့ည မှာကျင်းပမည့် One Friday Fights 139 ပြိုင်ပွဲကြီးမှာ မြန်မာ့လက်ဝှေ့ဖိုက်တာ ၄ဦးထိပါဝင်တာကို တွေ့ရပါတယ်။ခေါင်တွဲဆိုင်းမှာ ဝိုရာပွန်🇹🇭 နဲ့ စိုးလင်းဦး 🇲🇲၊ ပွဲစဥ် ၁၁ မှာ ယိုဒုဒွန်🇹🇭 နဲ့ ဆလိုင်းထန်ခွီရှိန်း 🇲🇲၊ ပွဲစဥ် ၈မှာ ခွန်ဆု 🇹🇭 နဲ့ နေရိုင်း🇲🇲 ၊ ပွဲစဥ် ၆ မှာတော့ ပရိတ်သတ်ကြီးစောင့်မျှော်နေတဲ့ ပြည်သူ့အချစ်တော် ကျော်စွာဝင်း 🇲🇲 နဲ့ အဲမွီ နဲ့ စူပါရေချမ်း တို့ရဲ့ ပြိုင်ဘက်ဟောင်း မူဂါ🇯🇵 တို့ တွဲဆိုင်း များပါဝင်ပါတယ်။



