back

AYA Pay အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ‌အောင်မျိုးခန့်ကရရှိ

Jan 17 • 4:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

AYA Pay အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ‌အောင်မျိုးခန့်ကရရှိ

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-13)ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ(၁၇)ရက်ယနေ့ညနေကသီဟဒီပကွင်း၌ဧရာဝတီယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက...

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-13)ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ(၁၇)ရက်ယနေ့ညနေကသီဟဒီပကွင်း၌ဧရာဝတီယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်အသင်းမှ‌အောင်မျိုးခန့်ရရှိခဲ့သည်။ 

ဧရာဝတီယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်အသင်းတို့ပွဲတွင်(0-2)ရလဒ်ဖြင့်ရန်ကုန်ယူနိုက်တက်အသင်းအနိုင်ရခဲ့သည်။အောင်မျိုးခန့်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကိုပြိုင်ပွဲကြီးကြပ် ဦးမိုးသွင်ထွန်းကချီးမြှင့်ပေးခဲ့သည်။ 




news-view-count-icon

24