back

ရည်ညွှန်ဈေးရောင်းချရာ ဆီပန့်များတွင်ဝယ်ယူသူများနေပြီး အပြင်လက်လီ အရောင်းဆိုင်များ ရောင်းအားကျလာ

Jan 17 • 4:34 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ရည်ညွှန်ဈေးရောင်းချရာ ဆီပန့်များတွင်ဝယ်ယူသူများနေပြီး အပြင်လက်လီ အရောင်းဆိုင်များ ရောင်းအားကျလာ

နေပြည်တော်တွင် ဆိုင်ကယ်အသုံးပြုသူများသဖြင့် လမ်းဘေးလက်လီအရောင်းဆိုင်များမှာ ဆိုင်ကယ်များကိုသာ အားထားရောင်းချနေကြပြီး ယခုအခါ စက်သုံးဆီရည်ညွှန်းများဖြင့် ဈေးရောင်...


နေပြည်တော်တွင် ဆိုင်ကယ်အသုံးပြုသူများသဖြင့် လမ်းဘေးလက်လီအရောင်းဆိုင်များမှာ ဆိုင်ကယ်များကိုသာ အားထားရောင်းချနေကြပြီး ယခုအခါ စက်သုံးဆီရည်ညွှန်းများဖြင့် ဈေးရောင်းချနေသော ဆီပန့်ကြီးများတွင်ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ရည်ညွှန်းဈေးများ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ ယခုအခါ တစ်လီတာ ၂၄၀၀ ကျပ်အထိ ကျဆင်းလာသည့်အတွက် ဆိုင်ကယ်အသုံးပြုသူအများစုမှာ ရည်ညွှန်းဈေးဖြင့်ရောင်းသည့် ဆီပန့်ကြီးများတွင်သာ အများဆုံးသွားရောက်ဝယ်ယူအသုံးပြုနေကြောင်း သိရသည်။အပြင်လက်လီဆိုင်များတွင် ယခုအခါ တစ်လီတာ ၂၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ဆီပန့်ဆိုင်ကြီးများတွင် တစ်လီတာ ၂၄၀၀ ကျပ်သာ ဖြစ်သည့်အတွက် တစ်လီတာလျှင် ငွေ ၄၀၀ ကျပ်လောက်ကွာဟနေလျက်ရှိကြောင်း၊ ဆီပန့်ဆိုင်ကြီးများတွင် ၅၀၀၀ ကျပ်ဖိုး ဆီထည့်ပါက တိုင်ကီအပြည့်ရတတ်သည့်အတွက် ဆိုင်ကယ်သမားအများစုမှာ ယခုနောက်ပိုင်းတွင် ဆီပန့်ဆိုင်ကြီးများ၌သာ သွားရောက် ၍ ဆီထည့်လာကြကြောင်းလည်း သိရသည်။ 




news-view-count-icon

14