back

လင်းလေရွာသားများ၏ ထင်းကို စည်ပင်ကဆိုပြီး အကြောင်းပြချက်မရှိ တင်ယူသယ်ဆောင်နေ

Jan 17 • 4:33 PM

breaking-news

မြန်မာ

ရှမ်း

cover

လင်းလေရွာသားများ၏ ထင်းကို စည်ပင်ကဆိုပြီး အကြောင်းပြချက်မရှိ တင်ယူသယ်ဆောင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဖက်ကွန် ကျေးရွာအုပ်စု လင်းလေရွာတွင် မိမိခြံတွင်စိုက်ပျိုးထားသည့်ထင်းကို သနပ်ဖက်လှော်ရန်အတွက် ခုတ်ဖော်ရာ ဇန်နဝါရီ (၁၅)ရ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဖက်ကွန် ကျေးရွာအုပ်စု လင်းလေရွာတွင် မိမိခြံတွင်စိုက်ပျိုးထားသည့်ထင်းကို သနပ်ဖက်လှော်ရန်အတွက် ခုတ်ဖော်ရာ ဇန်နဝါရီ (၁၅)ရက် ညနေ(၅) နာရီခန့်က အထက်ကခိုင်းခြင်းကြောင့်ဟု ဆိုပြီး အမည်မသိသူက ထင်းတင်ဆောင်ယူသွားကြောင်း သိရသည်။ထင်းလာတင်သူများကို ဒေသခံများက မည်သည့်အဖွဲ့ တင်ခိုင်းကြောင်း မေးသော်လည်း အထက်က တင်ခိုင်းခြင်းကြောင့် တင်ရခြင်းဖြစ်ကြောင်းသာ ပြောပြီး မည်သည့်အဖွဲ့မှ လာတင်နေသည်ကို တိတိကျကျ မသိရကြောင်း ဆိုသည်။ဖက်ကွန်ကျေးရွာအုပ်စု ဒေသခံများသည် သနပ်ဖက်ကိုသာ အားထားစိုက်ပျိုးကြပြီး ထင်းကိုလည်း မိမိကိုယ်တိုင်စိုက်ပျိုးမွေးယူကြကြောင်းသိရသည်။ထိုသို့ထင်းကိုအလကားတင်ယူသွားပြီးဒေသခံများက အမှုဖွင့်ရန်လည်းအဆင်မပြေဘဲအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။





news-view-count-icon

24