back

ရန်ကုန်မြို့တွင်ရေပိုက်လိုင်းပျက်စီးမှုကြောင့် မြို့နယ်အချို့ ရေပြတ်တောက်

Jan 17 • 3:06 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်ရေပိုက်လိုင်းပျက်စီးမှုကြောင့် မြို့နယ်အချို့ ရေပြတ်တောက်

လှော်ကားရေပိုက်လိုင်းပျက်စီးမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ ရေပြတ်တောက်မှုဖြစ်ပွားနေကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီ...

လှော်ကားရေပိုက်လိုင်းပျက်စီးမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ ရေပြတ်တောက်မှုဖြစ်ပွားနေကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ ဇွဲစုံသာသနာရာမကျောင်းတိုက်အတွင်း၌ ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်) မွန်းလွဲ ၂ နာရီတွင် လှော်ကားရေပိုက်လိုင်း( ၆၆ လက်မ ကွန်ကရစ်ပိုက်လိုင်း) ရေပိုက်ပေါက်၍ ပျက်စီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ရေပြတ်တောက်မှုမှာ မရမ်းကုန်း၊ ပုဇွန်တောင် ၊ဗိုလ်တထောင် ၊တာမွေ၊မြောက်ဥက္ကလာပ၊ကျောက်တံတား ၊ဗဟန်းအစရှိသည့်မြို့နယ်များတွင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ရေပြတ်တောက်မည်ကို အသိပေးခြင်းမရှိသဖြင့် အထပ်မြင့် နေထိုင်သူများအနေဖြင့် ရေသုံးစွဲရန် အခက်အခဲများကြုံတွေ့နေရကြောင်း ယင်းမြို့နယ်နေသူများကဆိုသည်။




news-view-count-icon

25