back

ထိုင်းပင်လယ်ကွေ့​ရောက်လာသော ဧရာဝတီလင်းပိုင်များကို ထိုင်း စောင့်ရှောက်မည်

Jan 17 • 2:40 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းပင်လယ်ကွေ့​ရောက်လာသော ဧရာဝတီလင်းပိုင်များကို ထိုင်း စောင့်ရှောက်မည်

ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ စစ်ဆေးချက်အရ ထိုင်းပင်လယ်ကွေ့ထဲတွင် ဧရာဝတီ လင်းပိုင်မျိုးစိတ် (Orcaella brevirostris) အကောင်ရေ ၄၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်...

ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ စစ်ဆေးချက်အရ ထိုင်းပင်လယ်ကွေ့ထဲတွင် ဧရာဝတီ လင်းပိုင်မျိုးစိတ် (Orcaella brevirostris) အကောင်ရေ ၄၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။အများစုက အုပ်စုဖွဲ့နေထိုင်၍ အစာရှာ၊ မိတ်လိုက်ပြီး သွားလာနေသည်ကို တွေ့ရဟုဆိုသည်။လင်းပိုင်များကို ထိုင်းအရှေ့ပိုင်း ဘန်ပကွန်မြစ်ဝ၏ ၃ ကီလိုမှ ၅ ကီလိုမီတာခန့်အကွာ ထိုင်းပင်လယ်ကွေ့ထဲတွင် တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။လက်ရှိတွင် လင်းပိုင်များ ဘေးကင်းလုံခြုံရေးအတွက် အသံစစ်ဆေးရေးကိရိယာ (Pinger) များနှင့်အတူ ဒရုန်းများကို သုံး၍ ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ ပြောသည်။အထူးသဖြင့် ဧရာဝတီလင်းပိုင်များ ရေချိုဒေသများသို့ လမ်းချော်ပြီး မဝင်ရောက်စေရေးနှင့် ငါးဖမ်းပိုက်များတွင် ငြိ၍ သေဆုံးခြင်းကဲ့သို့ အန္တရာယ်မရှိစေရေး ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ဖော်ပြထားသည်။နောက်ထပ် ပင်လယ်ထဲ မိုင်ခရိုပလပ်စတစ် ပါဝင်မှုနှုန်းကို စစ်ဆေးသွားမည်ဖြစ်ပြီး ပင်လယ်ထဲရှိ ရေနေသတ္တဝါများကို ထိန်းသိမ်းကာကွယ်သွားမည်ဟုလည်း ဆိုသည်။


news-view-count-icon

24