ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်ရှိ လွိုင်လင်-နမ့်စမ်သွားပြည်ထောင်စုကားလမ်းမကြီးတွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နံနက် ၁၀ နာရီခန့်က ခရီးသည်တင်ကားချောက်ထဲထိုးကျတိမ်းမှေ-ာက်မှာဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ဖြစ်စဥ်ကြောင့် အမျိုးသား (၁) ဦးမှာ အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၆) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် လွိုင်လင်ခရိုင်မီးသ-တ်စခန်း၊ နမ့်စမ်မြို့နယ်ကြက် ခြေနီအသင်း၊ တောင်တန်းလူငယ်ပရဟိတအသင်းတို့မှ လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။



