မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၇ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄၇၀,၅၀၀ ကို စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း ဇန်နဝါရီ ၁၆ ရက်က ရောင်းချပေးခဲ့သည်။ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်တွင်အသိပေးထားသည်။နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့သည့်ပမာဏအနက်မှ အရေးကြီးကဏ္ဍများဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁၅-၁-၂၀၂၆ ရက်နေ့ အထိ) တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။



