back

မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတစ်ခုကို ထပ်မံတွေ့ရှိ

Jan 17 • 12:52 PM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတစ်ခုကို ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတစ်ခုကို ထပ်မံတွေ့ရှိခဲ့ပြီး Happy Water ထုတ်လုပ်တဲ့ စက်ရုံဂိုထောင်တစ်လုံး၊ ဆေးပြားရိ...

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတစ်ခုကို ထပ်မံတွေ့ရှိခဲ့ပြီး Happy Water ထုတ်လုပ်တဲ့ စက်ရုံဂိုထောင်တစ်လုံး၊ ဆေးပြားရိုက်စက်​တွေ ၊ မူးယစ်ဆေးထုတ်လုပ်တဲ့ ကုန်ကြမ်း​တွေထားတဲ့ ဂိုထောင်​တွေကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဇန်နဝါရီ ၉ ရက် ၊ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်တို့မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း​တွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာ​တွေကို သိမ်းဆည်းရမိခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့​နေနေရာ သုံးခုက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ပင်ရင်းနေရာ​တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အခုလို သိမ်းဆည်းရမိမှုနဲ့ ဆက်စပ်ပြီး လေကြောင်းကင်းထောက်တာနဲ့ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်တာ ၊ နယ်မြေရှင်းလင်းတာတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာမှ မိုင်းရယ်မြို့အနီးမှာ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာခန့်အကွာ၊ နားလင်းကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့်အကွာ အရင်က သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်တဲ့ နေရာရဲ့ မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာမှာ မသင်္ကာဖွယ်ရာမူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံ​တွေကို တွေ့ရှိရပြီး သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုရတဲ့ ဆက်စပ်ပစ္စည်း​တွေဖြစ်တဲ့ အမျိုးအစားစိစစ်ဆဲ အက်ဆစ်​တွေ ထည့်ထားတဲ့ ပုံးပြာ ၃၅၀၀ လုံးနဲ့ သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ မသင်္ကာဖွယ်ရာ Happy Water ထုတ်လုပ်တယ်လို့ ယူဆရတဲ့ စက်ရုံဂိုထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားတဲ့ ဂိုဒေါင် ၇ လုံး၊ ဖန်ပေါင်းချောင်​တွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တဲ ၁ လုံး၊ ပစ္စည်းထည့် ဂိုထောင် ၃ လုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ကုန်ကြမ်း​တွေကို ထားရှိတဲ့ ဂိုဒေါင် ၂ လုံးနဲ့ ရိက္ခာဂိုထောင် ၂ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်း​တွေ ရရှိပါကလည်း တာဝန်ရှိသူ​တွေထံ အချိန်မီ သတင်းပေးပို့ကြဖို့ လိုအပ်သလို ဖမ်းဆီးရမိမူးယစ်ဆေးဝါးဖြစ်စဉ်​တွေမှာ အဓိကပါဝင်ပတ်သက်​နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်း​တွေကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံ​တွေ ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ​တွေ ၊ မဲခေါင်ဒေသတွင်းနိုင်ငံ​တွေ ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ​တွေ ၊ နိုင်ငံတကာမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း​တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်​နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။



news-view-count-icon

296