၁၇.၁.၂၀၂၆ ရက်နေ့၊ ၁၀နာရီ ၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁)နှင့် (၁၇၇/၂)ကြားတွင် ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲကျနေကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နမ့်စန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၁၁)ဦးအနက် ကျား(၃)ဦးနှင့် မ(၆)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး(ေ-သဆုံး)တို့အား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ နမ့်စမ်မြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်(၁)စီးနှင့် တောင်တန်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။



