back

မြစ်ကြီးနားမြို့ ရေကြီးမှုကာကွယ်ရန် ဗလမင်းထင်တံတားအနီး သောင်တူးဖော်ရေးလုပ်ငန်းများ စတင်

Jan 17 • 6:54 AM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားမြို့ ရေကြီးမှုကာကွယ်ရန် ဗလမင်းထင်တံတားအနီး သောင်တူးဖော်ရေးလုပ်ငန်းများ စတင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် ဧရာဝတီမြစ်ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်ခုံနှင့် ဝိုင်းမော်ဘ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် ဧရာဝတီမြစ်ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်ခုံနှင့် ဝိုင်းမော်ဘက်ကမ်းရှိ နောင်တာလောကျွန်း ဒုတိယရေလမ်းကြောင်း (Second Channel) တူးဖော်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၅ ရက်မှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြစ်ရေအလွန်အမင်း မြင့်တက်ကာ မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြုပ်ခဲ့သည့်အခြေအနေကို သင်ခန်းစာယူ၍ ယခုနှစ်ရေနည်းချိန်တွင် ဗလမင်းထင်တံတားအောက်ဘက်၌ အလျားပေ ၄,၂၀၀ နှင့် နောင်တာလောကျွန်း၌ အလျားပေ ၉,၀၀၀ အထိ အသီးသီးတူးဖော်သွားမည်ဖြစ်သည်။ ယခုစီမံကိန်းသည် ရေကြီးမှုကာကွယ်ရုံသာမက မြစ်ကမ်းပါးပြိုမှုကို လျော့နည်းစေခြင်း၊ စက်လှေများ တစ်နှစ်ပတ်လုံး သွားလာနိုင်ခြင်းနှင့် ရေလမ်းကြောင်း Master Plan ကို အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ မြစ်ရေ ၁,၄၅၀ စင်တီမီတာအထိ မြင့်တက်မှုကို ခံနိုင်ရည်ရှိစေရန် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14