back

ရန်ကုန်မြို့ လေထု အနီရောင်အဆင့်တွင်ရှိဟု EHS Myanmar ထုတ်ပြန်

Jan 17 • 6:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်မြို့ လေထု အနီရောင်အဆင့်တွင်ရှိဟု EHS Myanmar ထုတ်ပြန်

ရန်ကုန်မြို့ လေထုသည် အနီရောင်အဆင့်တွင် ရှိနေသည်ဟု Environment ၊ Health and Safety Myanmar(EHS myanmar)က ယနေ့ ဇန်နဝါရီ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။ထုတ်ပြန်ချက်တွ...

ရန်ကုန်မြို့ လေထုသည် အနီရောင်အဆင့်တွင် ရှိနေသည်ဟု Environment ၊ Health and Safety Myanmar(EHS myanmar)က ယနေ့ ဇန်နဝါရီ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။ထုတ်ပြန်ချက်တွင် ယနေ့ ဇန်နဝါရီလ (၁၇) ရက် နံနက် (၈) နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) မှာ အနီရောင်အဆင့် (Unhealthy) တွင် ဆက်လက်ရှိနေကြောင်း ဆိုသည်။US AQI 155 နှင့် PM2.5 level 61.9 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၂၀) အဆင့်သို့ ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အခြေအနေဖြစ်သည်ဟု ဖော်ပြထားသည်။



news-view-count-icon

36