CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၈၃၇ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။အမေရိကန်ဒေါ်လာ ၄၇၀,၅၀၀ ကိုလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းပေးခဲ့ပါတယ်။FX Trading မှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်၊ ကတ္တရာ တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။


