back

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ကျောက်တုံးချ လုယက်ရန်ကြံစည်မှုကြောင့် အိမ်စီးကားများ ညဘက်အသွားအလာမလုပ်ရန် အချင်းချင်းသတိပေးမှုရှိလာ

Jan 17 • 4:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ကျောက်တုံးချ လုယက်ရန်ကြံစည်မှုကြောင့် အိမ်စီးကားများ ညဘက်အသွားအလာမလုပ်ရန် အချင်းချင်းသတိပေးမှုရှိလာ

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကျောက်တုံးချပြီးလုယက်ရန်ကြံစည်မှုတို့ရှိနေသဖြင့် သတိထားသွားလာကြရန် ဒေသခံနှင့်ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက သတိပေးပြောဆိုမှုများရ...

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကျောက်တုံးချပြီးလုယက်ရန်ကြံစည်မှုတို့ရှိနေသဖြင့် သတိထားသွားလာကြရန် ဒေသခံနှင့်ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက သတိပေးပြောဆိုမှုများရှိနေကြောင်း သိရသည်။အထူးသဖြင့် အချိုးအကွေ့များသည့်နေရာများတွင် လမ်းလယ်အထိ ကျောက်တုံးများချထားသည်ကိုတွေ့ရပြီး လူလေးဦးအောက်သာပါသည့် အိမ်စီးကားများအနေဖြင့် ညဘက်အသွားအလာမပြုလုပ်သင့်ကြောင်း ၎င်းတို့ကဆိုကြသည်။“ကျောက်တုံးတွေချထားတယ်၊ ရုတ်တရတ်ချိုးကွေ့လိုက်ရတဲ့လမ်း အနေအထားမျိုးမှာ ဒါမျိုးပိုတွေ့ရတယ်၊ ဒေသခံတွေကိုမေးကြည့်တော့ ကားမှောက်ပြီး ဒါမှမဟုတ် ကားတစ်ခုခုဖြစ်ပြီးလမ်းဘေးရပ်ထားတုန်း လုယက်ဖို့ ကြံစည်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြတယ်၊ ဒီရက်ပိုင်းလေးမှာတင် ကားနှစ်စီးအဲလိုဖြစ်ခဲ့လို့ ဒေသခံတွေကပဲ ကူညီပေးခဲ့ရတယ်လို့ သိလာရတယ်၊ ဒါပေမယ့် အခုအထိတော့ အလုခံရတဲ့သတင်းမျိုး မကြားသေးဘူး” ဟု မန္တလေးမြို့ဒေသခံ ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။လုယက်ရန်ကြံစည်ကာ ကျောက်တုံးများချထားခြင်းကို နေ့အချိန်ထက် ညဘက်တွင်တွေ့ရှိမှုများပြားပြီး အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသတိပေးခြင်းများလည်းရှိနေကြောင်း လူမှုကွန်ရက်သုံးစွဲသူများက ဆိုထားကြသည်။ ထိုသတင်းများအရ လုယက်ရန်ကြံစည်မှုဖြစ်စဉ်အများဆုံးတွေ့ရှိရသည့် နေရာမှာ ရန်ကုန်-နေပြည်တော် လမ်းပိုင်းဖြစ်ပြီး နေပြည်တော်-မန္တလေးလမ်းပိုင်းတွင်မူ လုံခြုံရေးဂိတ်စခန်းများ ခပ်စိပ်စိပ်ချထားခြင်းကြောင့် တွေ့ရှိမှုနည်းပါးကြောင်း သိရသည်။



news-view-count-icon

36