မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ ထိုသို့ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးတို့ကို ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် အလက် ၄၀၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဒီတိုနေတာမျိုးစုံ အချောင်း ၁၈၇,၄၀၀ တို့အား ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် တရားမဝင်တင်သွင်းလာသည့် Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone ၉၆၀ လီတာ၊ Toluene ၅၀၄၀ လီတာကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ၅ တန်၊ Acetic Acid ၂၅,၆၉၉ လီတာ၊ Nitric Acid ၃,၈၂၀ လီတာအပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက် စခန်းတစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်းနှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်ကောင်းမွန်ကျေးရွာရှိ နေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့၌ ဘိန်းစိုက်ခင်း စုစုပေါင်း ၅၀၈၄ ဒသမ ၅ ဧက (၂,၀၅၇ ဒသမ ၆၆ ဟက်တာ) ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဖျက်ဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁,၇၀၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ ကို ဖော်ထုတ်အရေးယူနိုင်ခဲ့
Jan 17 • 4:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


