ဇန်နဝါရီ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီးတွင် အင်အား 5.1 အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငလျင်ဘေးကြိုတင်ပြင်ဆင်ရန် အချက်များနှင့် အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ထုတ်ပြန်လိုက်သည်။ ပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ ငလျင်အန္တရာယ်ရှိမှုကို လေ့လာထားရန်၊ ဘေးကင်းသည့်နေရာနှင့် ထွက်ပေါက်လမ်းကြောင်းများ သတ်မှတ်ထားရန်၊ ပြုတ်ကျနိုင်သည့်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရန် သတိပေးထားပြီး၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပါက ဝန်ကြီးဌာန၏ Hot-Line ဖုန်းနံပါတ်များဖြစ်သော 067-3404666 နှင့် 067-3404777 တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရှိရပါသည်။
Jan 17 • 2:05 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


