back

ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ် ဆောင်ရွက်မည်

Jan 17 • 2:06 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ် ဆောင်ရွက်မည်

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ် (Douglas Sonnek) က ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။ ယခင်သံရ...

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ် (Douglas Sonnek) က ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။ ယခင်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် (Susan Stevenson) သည် ဇန်နဝါရီလလယ်တွင် တာဝန်ပြီးဆုံးခဲ့ပြီးနောက် ၎င်းက ဆက်ခံခြင်းဖြစ်သည်။ ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့ဖူးသူဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဒေသတွင်းဆိုင်ရာများကို နက်ရှိုင်းစွာ နားလည်သူဖြစ်သဖြင့် သံရုံး၏ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16