ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စားအုန်းဆီကို လက်လီဈေးကွက်အတွင်း အဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေးအတွက် အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားလိုက်သည်။ ဒေသအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်းထက်မပိုသော အမြတ်နှုန်းဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချရန် ညွှန်ကြားထားပြီး၊ ဖြန့်ဖြူးရေးကုမ္ပဏီများနှင့် ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်၊ ဈေးနှုန်းနှင့် အခြင်အတွယ် မှန်ကန်စွာ ရောင်းချရန်လည်း ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။ ယခုတစ်ပတ် (ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အထိ) အတွက် ရန်ကုန်အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆,၁၅၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။
စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းထက်မပိုသော အမြတ်ဖြင့် ရောင်းချရန် ကြပ်မတ်ဆောင်ရွက်နေ
Jan 17 • 2:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


