ထိုင်းနိုင်ငံ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း သယံဇာတ ဦးစီးဌာန ဟာ ထိုင်း ပင်လယ်ကွေ့ အထက်ပိုင်းမှာ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဧရာဝတီလင်းပိုင်အကောင်ရေ ၄၀ ကျော် တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဌာနအနေနဲ့ ပင်လယ်ရေအရည်အသွေးနဲ့ မိုက်ခရိုပလတ်စတစ် အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးနေသလို ပြည်နယ် ၆ ခုက မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေ့လာမှုတွေလုပ်ဆောင်ခဲ့ရာမှာ Bang Pakong မြစ်ဝနဲ့ ၃ ကီလိုမီတာကနေ ၅ ကီလိုမီတာအကွာမှာ ဧရာဝတီလင်းပိုင် ၃၅ ကောင်ကနေ ၄၀ အထိ တွေ့ရှိခဲ့ပြီး အဲဒီအထဲမှာ အုပ်စုလိုက် အစာရှာဖွေတာတွေနဲ့ မျိုးပွားမှုဆိုင်ရာ အပြုအမူတွေကို တွေ့မြင်ခဲ့ရပါတယ်။ လင်းပိုင်တွေ ရေချိုပိုင်းထဲ လမ်းမှားဝင်ရောက်တာနဲ့ ငါးဖမ်းပိုက်တွေ ငြိမိပြီး ေ-သဆုံးတာမျိုး မဖြစ်စေဖို့အတွက် Pinger လို့ခေါ်တဲ့ ဆိုနာကိရိယာတွေရဲ့ ထိရောက်မှုကိုလည်း ဒရုန်းတွေအသုံးပြုပြီး Chachoengsao နဲ့ Chonburi ပြည်နယ်တွေမှာ လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ပင်လယ်ရေနဲ့ အနည်အနှစ်တွေထဲမှာ မိုက်ခရိုပလတ်စတစ် ပါဝင်မှုအခြေအနေကို စောင့်ကြည့်ဖို့အတွက် နမူနာတွေ ကောက်ယူခဲ့ပါတယ်။ Chachoengsao ပြည်နယ်က Bang Pakong မြစ်ဝ၊ Samut Prakan ပြည်နယ်က Khlong Tamru ၊ ဘန်ကောက်က Bang Khun Thian ကမ်းရိုးတန်း၊ Samut Sakhon ပြည်နယ်က Tha Chin မြစ်ဝ၊ Samut Songkhram ပြည်နယ်က Mae Klong မြစ်ဝနဲ့ Phetchaburi ပြည်နယ်က Laem Luang ကမ်းရိုးတန်း စတဲ့ နေရာ ၆ ခုမှာ ရေအရည်အသွေး တိုင်းတာတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ကနဦးစစ်ဆေးချက်တွေအရ Tha Chin မြစ်ဝကလွဲရင် ကျန်တဲ့နေရာတွေက ရေအရည်အသွေးဟာ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ Tha Chin မြစ်ဝမှာတော့ ရေထဲမှာပျော်ဝင်နေတဲ့ အောက်ဆီဂျင်ပမာဏ နည်းပါးနေတာကို တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပင်လယ်တွင်းသယံဇာတတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း သယံဇာတ ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Pinsak Suraswadi က ပြောကြားခဲ့ပါတယ်။
Jan 17 • 2:03 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


