နိုင်ငံကူးလက်မှတ် PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသည် အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာ (Arrival Counter) သို့ မဖြစ်မနေ သတင်းပို့ရမည်ဖြစ်ကြောင်း၊ သတင်းပို့ခဲ့သူများကိုသာ နောက်တစ်ကြိမ် ပြည်ပပြန်လည်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။ ထို့ပြင် OWIC လျှောက်ထားသူများအနေဖြင့် ကျွမ်းကျင်လုပ်သားဖြစ်စေ၊ ခွင့်ပြန်ဖြစ်စေ အလုပ်ရှင် သို့မဟုတ် HR ထံ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်နှင့် Email လိပ်စာတို့ကို အလုပ်ခေါ်စာ (Offer Letter) သို့မဟုတ် ခွင့်စာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး၊ အဆိုပါအချက်အလက်များ မပါရှိသူများသည် နိုင်ငံကူးလက်မှတ်မိတ္တူနှင့်အတူ ပြန်လည်တင်ပြရမည်ဖြစ်သည်။ ပေးပို့လာသော အချက်အလက်များကို မှတ်ပုံတင်ထားသည့် တန်းစီဇယားအတိုင်း စိစစ်ကာ မှန်ကန်သူများကိုသာ လုပ်ထုံးလုပ်နည်း (SOP) နှင့်အညီ ပြည်ပထွက်ခွာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုက်ရောက်ကောင်တာကို သတင်းပို့ရမည်
Jan 17 • 2:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


