ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် မဲစာရင်းမှန်ကန်စေရေး၊ မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရန်အတွက် သွားလာရေးယာဉ်များ စီစဉ်ပေးထားရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကြိုတင်ပြင်ဆင်ထားရှိရေးတို့အပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို မဲရုံများသို့ လုံခြုံစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) အတွက် ပြင်ဆင်နေမှုအခြေအနေများ ဆွေးနွေး
Jan 17 • 2:01 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


