back

ဂျာမနီသံရုံး၏ ပံ့ပိုးမှုဖြင့် ပုဂံရှိ သက်တော်ရှည်ဆေးခန်းတွင် ဒေသခံများအတွက် အခြေခံဆေးဝါးများ အခမဲ့ကူညီပေးလျက်ရှိ

Jan 17 • 1:51 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဂျာမနီသံရုံး၏ ပံ့ပိုးမှုဖြင့် ပုဂံရှိ သက်တော်ရှည်ဆေးခန်းတွင် ဒေသခံများအတွက် အခြေခံဆေးဝါးများ အခမဲ့ကူညီပေးလျက်ရှိ

ဂျာမနီသံရုံး (ရန်ကုန်) ၏ တာဝန်ခံအကြီးအကဲ Mr. Mathias Licharz သည် ပုဂံဒေသရှိ သက်တော်ရှည်ဆေးခန်းသို့ သွားရောက်၍ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အ...

ဂျာမနီသံရုံး (ရန်ကုန်) ၏ တာဝန်ခံအကြီးအကဲ Mr. Mathias Licharz သည် ပုဂံဒေသရှိ သက်တော်ရှည်ဆေးခန်းသို့ သွားရောက်၍ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီးနောက် အဆိုပါဆေးခန်းမှတစ်ဆင့် လစဉ်ကုသမှု (၁,၀၀၀) ကျော်အတွက် အခြေခံဆေးဝါးများကို အခမဲ့ပံ့ပိုးပေးနေကြောင်း သံရုံးက ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိတွင် သဘာဝဘေးအန္တရာယ်များ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ တိုးလာခြင်းနှင့် ဆေးဝါးဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် အခက်အခဲများရှိနေသော်လည်း ဆေးခန်းမှ စေတနာ့ဝန်ထမ်းများသည် ဒေသခံလူထုအတွက် အသက်ရှင်ရေး အရေးပါသော ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။ ဤကဲ့သို့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိနိုင်ခြင်းသည် လူတစ်ဦးချင်းစီ၏ လှုပ်ရှားသွားလာနိုင်မှုကို အထောက်အကူပြုစေရုံသာမက လူမှုအသိုင်းအဝိုင်း တည်ငြိမ်ခိုင်မာစေရန်အတွက်လည်း ရေရှည်အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

14