မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ တားဆီးရန်အတွက် Online မှတစ်ဆင့် တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသည့် လူမှုကွန်ရက်စာမျက်နှာ (၁,၂၀၁) ခုကို စိစစ်ဖော်ထုတ်ခဲ့ပြီး ဆုံးရှုံးနိုင်ခြေအန္တရာယ် မြင့်မားသည့် လူပုဂ္ဂိုလ် (၁,၃၄၂) ဦး၏ ဘဏ်စာရင်းများနှင့် မိုဘိုင်းငွေရေးကြေးရေးအကောင့်များကို ယာယီတားဆီးပိတ်သိမ်းကာ ပြစ်မှုထင်ရှားသည့် လူပုဂ္ဂိုလ် (၅) ဦးကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်သည် စက်သုံးဆီ၊ စားသုံးဆီနှင့် အရေးကြီးကဏ္ဍများအတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် (ဇန်နဝါရီ ၁၅ ရက်) အထိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးထားသည့်အပြင်၊ ဆေးကုသခြင်းနှင့် ပညာတော်သင်သွားမည့်သူများအတွက်လည်း အသေးသုံးနိုင်ငံခြားငွေများကို ဘဏ်ကောင်တာများတွင် စနစ်တကျ ရောင်းချပေးလျက်ရှိသည်။ လက်ရှိတွင် တရားမဝင် အရောင်းအဝယ်ပြုလုပ်သူများကို ဖုန်းနံပါတ်နှင့် ငွေစာရင်းအမှတ်များမှတစ်ဆင့် Action Task Force အဖွဲ့ဖြင့် အချိန်မီဖော်ထုတ်လျက်ရှိပြီး၊ လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်၊ ငွေဒဏ်များအပြင် ဘဏ်စာရင်းများပါ အမြဲတမ်းပိတ်သိမ်းသည်အထိ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အများပြည်သူသို့ သတိပေးနှိုးဆော်ထားပါသည်။
တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချသည့် လူမှုကွန်ရက်စာမျက်နှာ ၁,၂၀၁ ခုနှင့် လူပုဂ္ဂိုလ် ၁,၃၀၀ ကျော်အား ဗဟိုဘဏ်မှ ထိရောက်စွာ အရေးယူဆောင်ရွက်
Jan 17 • 1:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


