ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘူရွန်ဒီနိုင်ငံသား (၄) ဦးအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် နယူးဒေလီမြို့အခြေစိုက် ဘူရွန်ဒီနိုင်ငံသံအမတ်ကြီး H.E. Major General Aloys Bizzindavyi တို့သည် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုတွင် လက်ရှိအချိန်အထိ လွှဲပြောင်းပေးနိုင်ခြင်းမရှိသေးသော ဘူရွန်ဒီနိုင်ငံသား (၄) ဦးကို မိခင်နိုင်ငံမှ အမြန်ဆုံးပြန်လည်လက်ခံနိုင်ရေး၊ နှစ်နိုင်ငံ လွှဲပြောင်းရေးလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ညှိနှိုင်းမှုများကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ ဤလုပ်ငန်းစဉ်သည် တရားမဝင် ဝင်ရောက်လာသူများအပေါ် ဥပဒေကြောင်းအရ အမြန်ဆုံး စီမံဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
Jan 17 • 1:49 AM
မြန်မာ
ကရင်
မျှဝေမည်
| 15 | 0 | 0 | 0 |


