ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်ရှိ ပြည်လမ်းပေါ်တွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန်ခန့်က အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက (၁၅) မိနစ်ခန့်ကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သော်လည်း အိမ်စီးကားမှာ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် ပြည်လမ်းပေါ်တွင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား၊ ၁၅ မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရ
Jan 17 • 1:48 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 49 | 0 | 0 | 0 |


