back

ပဲခူးရွှေမော်ဓောစေတီတော်ကြီး၌ (ပဉ္စမအကြိမ်) မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း

Jan 17 • 1:45 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးရွှေမော်ဓောစေတီတော်ကြီး၌ (ပဉ္စမအကြိမ်) မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးမှူးမှုဖြင့် သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (ပဉ္စမအကြိမ်) မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ယနေ့ ဇန်န...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးမှူးမှုဖြင့် သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (ပဉ္စမအကြိမ်) မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ယနေ့ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက စေတီတော်ရင်ပြင်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဆေးပဋ္ဌာန်းပူဇော်ပွဲကို စေတီတော်၏ ဩဝါဒစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် ယနေ့မှစတင်ကာ ဇန်နဝါရီ ၂၂ ရက်အထိ (၇) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော် (၁၈) ပါးတို့က အလှည့်ကျ ရွတ်ဖတ်ပူဇော်မည့် ဓမ္မသဘင်ဖြစ်ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ကြည်ညိုကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဘေးအန္တရာယ်များ ကင်းဝေးစေရန်နှင့် ကုသိုလ်ပွားများနိုင်ရန်အတွက် (၇) ရက်တာကာလအတွင်း လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

17