back

မန္တလေးငလျင်ဒဏ်သင့် ရှေးဟောင်းစေတီဖြစ်သော ကောင်းမှူးခမ်းစေတီတော်၏ပျက်စီးမှုများကိုရှင်းလင်း

Jan 17 • 1:43 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးငလျင်ဒဏ်သင့် ရှေးဟောင်းစေတီဖြစ်သော ကောင်းမှူးခမ်းစေတီတော်၏ပျက်စီးမှုများကိုရှင်းလင်း

မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် သမိုင်းဝင်ရှေးဟောင်း ကောင်းမှူးခမ်းစေတီတော်မြတ်ကြီးကို မူလလက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်န...

မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် သမိုင်းဝင်ရှေးဟောင်း ကောင်းမှူးခမ်းစေတီတော်မြတ်ကြီးကို မူလလက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်နိုင်ရေးအတွက် ပျက်စီးနေသည့် အစိတ်အပိုင်းများနှင့် အုတ်ရိုးဟောင်းများကို ဇန်နဝါရီ ၁၆ ရက်တွင် တာဝန်ရှိသူများနှင့် လုပ်အားပေးများက စနစ်တကျ စတင်ဖယ်ရှားရှင်းလင်းနေပြီဖြစ်ပါသည်။ အဆိုပါစေတီတော်သည် ငလျင်ဒဏ်ကြောင့် စေတီတော်၏ အထက်ပိုင်းအစိတ်အပိုင်းများ ပြိုကျပျက်စီးခြင်းနှင့် ကိုယ်လုံးတော် အက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ရသဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖူးမြော်နိုင်ရန်အတွက် ယခုကဲ့သို့ အနီးကပ်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့်အတွက် မူလလက်ရာအတိုင်း ပြန်လည်မြင်တွေ့နိုင်စေရန် ရည်ရွယ်ကာ အဆင့်ဆင့် ပြုပြင်သွားမည်ဖြစ်သည်။

news-view-count-icon

32