back

ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုဟု ထရမ့်ဆို

Jan 17 • 1:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုဟု ထရမ့်ဆို

သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ရာထူးသက်တမ်းအတွင်း ရရှိထားသည့် အောင်မြင်မှုများကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပရန်...

သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ရာထူးသက်တမ်းအတွင်း ရရှိထားသည့် အောင်မြင်မှုများကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပရန်ပင် မလိုတော့ကြောင်း ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း ကြားဖြတ်ရွေးကောက်ပွဲများတွင် အရေးနိမ့်တတ်သည့် သဘောတရားအပေါ် စိတ်ပျက်မိကြောင်း ဆိုခဲ့သော်လည်း၊ ၎င်း၏ ပြောကြားချက်မှာ နောက်ပြောင်ကျီစယ်သည့် သဘောသာဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လဲဗစ်က ပြန်လည်ရှင်းလင်းခဲ့သည်။ အဆိုပါ မှတ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၌ ရီပတ်ဘလီကန်ပါတီ အခြေအနေမကောင်းနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး နိုင်ငံရေးလေ့လာသူများအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

news-view-count-icon

25