ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မိူင်းတာ့ခ်မြို့နယ်အတွင်းရှိ PTT ဆီဆိုင်ဝန်းကျင်တွင် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၃ ဦးအား ကားနှစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများကို တင်ဆောင်မောင်းနှင်လာသည့် ထိုင်းလူမျိုးယာဉ်မောင်း ၂ ဦးကိုလည်း အတူတကွဖမ်းဆီးခဲ့ပြီး ၎င်းတို့အားလုံးကို ဥပဒေအရအရေးယူနိုင်ရန် မယ်တော (Mae Tho) ရဲစခန်းသို့ ပို့ဆောင်ထားရှိသည်။ ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှတစ်ဆင့် တရားမဝင်ဝင်ရောက်မှုများပြားနေသဖြင့် ယခုရက်ပိုင်းအတွင်း တင်းကျပ်စွာဖမ်းဆီးလျက်ရှိရာ ဇန်နဝါရီလ ၆ ရက်မှ ၁၄ ရက်အထိ ၉ ရက်တာအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၈ ဦးအထိ ရှိလာကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၃ ဦးနှင့် ထိုင်းယာဉ်မောင်း ၂ ဦး ဖမ်းဆီးခံရ
Jan 16 • 4:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


