မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဇန်နဝါရီလအတွင်း အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးမည့် ဆန်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ရာ ရွှေဘိုပေါ်ဆန်း (ဆန်ဟောင်း) တစ်အိတ်လျှင် ၁၈၂,၀၀၀ ကျပ်၊ ဆန်သစ်လျှင် ၁၅၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ၁၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) ၁၁၂,၀၀၀ ကျပ်၊ ရက် ၉၀ ဆန် ၇၅,၀၀၀ ကျပ်နှင့် ဧည့်မထ (၁၅ မှတ်) ကို ၅၂,၀၀၀ ကျပ်တို့ဖြင့် သတ်မှတ်ရောင်းချပေးသွားမည် ဖြစ်သည်။ ဝယ်ယူလိုသူများအနေဖြင့် အသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀ နှင့် ၀၉-၄၀၀၀၆၇၂၆၀ တို့သို့ SMS သို့မဟုတ် Viber မှတစ်ဆင့် မှာယူလိုသည့် ဆန်အမျိုးအစားနှင့် လိပ်စာတို့ကို ပေးပို့မှာယူနိုင်ပြီး၊ အသင်းချုပ်မှ ပြန်ကြားပေးသည့် KBZ Pay နံပါတ်သို့ ငွေပေးသွင်းပြီးပါက ရုံးဖွင့်ရက် ၃ ရက်အတွင်း အိမ်အရောက် (Delivery အခမဲ့) ပို့ဆောင်ပေးမည်ဖြစ်ကာ အထပ်မြင့်တင်ခအတွက်သာ ထိုက်သင့်သည့်ဝန်ဆောင်ခ ပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 16 • 3:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


