back

တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့က အထွေထွေပညာရေးအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးစီမံကိန်းကို မိတ်ဆက်

Jan 16 • 3:54 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့က အထွေထွေပညာရေးအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးစီမံကိန်းကို မိတ်ဆက်

တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် သီရိလင်္ကာနိုင်ငံ၏ အထွေထွေပညာရေးအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်သည့် စီမံကိန်းတစ်ခုကို ဇန်နဝါရီ ၁၅ ရက်၌ ...

တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် သီရိလင်္ကာနိုင်ငံ၏ အထွေထွေပညာရေးအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်သည့် စီမံကိန်းတစ်ခုကို ဇန်နဝါရီ ၁၅ ရက်၌ ပူးတွဲစတင်ခဲ့သည်။အဆိုပါသီရိလင်္ကာနိုင်ငံ၏ အထွေထွေပညာရေးအား တရုတ်နိုင်ငံအကူအညီဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးစီမံကိန်းကို သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် ဟာရီနီ အမရာဆူရီယာနှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန့်ဟုန်တို့က အခမ်းအနားတစ်ခု၌ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။အဆိုပါစီမံကိန်းက သီရိလင်္ကာနိုင်ငံအား ပညာရေး ကလောက်ဒ်ဒေတာစင်တာ၊ မာလ်တီမီဒီယာညီလာခံစင်တာနှင့် တိုက်ရိုက်ထုတ်လွှင့်ရေးမီဒီယာအချက်အချာနေရာတစ်ခု တည်ဆောက်ရာတွင် ကူညီပေးမည်ဖြစ်သည်။

news-view-count-icon

11