back

မြစ်ကြီးနားမြို့တွင် တရားမ၀င်ဖွင့်လှစ်ထားသည့် လောင်းကစားရုံများအား ဖမ်းဆီးရမိ

Jan 16 • 3:53 AM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားမြို့တွင် တရားမ၀င်ဖွင့်လှစ်ထားသည့် လောင်းကစားရုံများအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တရားမ၀င်ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအချို့ကို ဇန်နဝါရီ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံများထံ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တရားမ၀င်ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအချို့ကို ဇန်နဝါရီ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံများထံက သိရသည်။လုံခြုံရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်ကုန်းရပ်ကွက်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် လောင်းကစားရုံအား နယ်မြေခံပြည်သူများ သတင်းပေးပို့မှုအရ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။ယင်း Sun City လောင်းကစားရုံအား ဝင်ရောက်စစ်ဆေးရာမှ တရားမဝင်လောင်းကစားရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် လောင်းကစားရုံဝန်ထမ်း ကျား(၂၁)ဦး၊ မ(၂၀)ဦးနှင့် လာရောက်ဆော့ကစားနေကြသူ ကျား(၁၀)ဦး၊ စုစုပေါင်း (၅၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ဖမ်းဆီးရမိသူများအား မြစ်ကြီးနားမြို့နယ်၊ ပလနနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

20